ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတား စစ်ဆေးရေးဂိတ်၌ ထိန်းချုပ်ဓာတု ပစ္စည်းများ သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

 

ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတား စစ်ဆေးရေးဂိတ်၌ ထိန်းချုပ်ဓာတု ပစ္စည်းများ သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၇
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတား စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ အား စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၅ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် နေပြည်တော်ဘက်မှ ပင်လောင်းဘက်သို့ ရှားရယ်(ဘ)ဦးရှဲလ်ရယ် မောင်းနှင်ပြီး ဗျားရယ် (ဘ)ဦးဖျားရယ် လိုက်ပါလာသည့် Nissan အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ KYH 3D/-----  အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ထိန်းချုပ်ဓာတု ပစ္စည်းများဖြစ်သည့် အဖြူရောင် ပုံဆောင်ခဲများထည့်ထားသော သံပေပါ ၁၀ လုံး၊ ၂၀၀၀ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၀၀ )ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ အနီးရှိ လိန်းလီ-ဖယ်ခုံ-လွိုင်ကော်သွားကားလမ်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ဆိုင်း စဉ် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ဆက်စပ်တရားခံဖြစ်သူ အေးကျော်(ဘ)ဦးကြာ ကို ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား ဖိုကုန်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News