အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၇
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပညာရေးကောလိပ်၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောက်ကြီးမြို့၊ ကျွန်းကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လိန်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News