မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

 

မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊  သြဂုတ် - ၈
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၄ စီးအား ရပ်တန့်စစ်ဆေးရာ ညီသူအောင်(ဘ) ဦးဝင်းမြင့် နှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး တို့ကို ဖမ်းဆီးရမိ ခဲ့သည်။
    
အဆိုပါ မော်တော်ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။

 

Recent News