မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ချီးဒေသ၊ လိုခါးလိုချောင်းကူးတံတားရေကျော်မှုအား လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ချီးဒေသ၊ လိုခါးလိုချောင်းကူးတံတားရေကျော်မှုအား လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၈
    
ကယားပြည်နယ်၊ မော်ချီးဒေသတွင် သြဂုတ် ၇ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုခါးလိုကျေးရွာအတွင်းဖြတ်သန်းစီးဆင်းလျက်ရှိသည့် လိုခါးလိုချောင်းကူး တံတား၏ အောက်ခြေတွင် သဲ၊ နုန်းနှင့်အမှိုက်များ ပိတ်ဆို့ပြီး တံတားပေါ်သို့ သဲ၊နုန်းများ တင်ကျန်ခြင်းနှင့် ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူနှင့်ယာဉ်များဖြတ်သန်းသွားလာ နိုင်ခြင်းမရှိဘဲ ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါတံတားရေကျော်မှုအား ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဖားဆောင်း တပ်နယ်မှ တပ်မတော်သားများက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များဖြင့် တံတားပေါ်ရှိ သဲနှင့်နုန်းများ၊ တံတားအောက်ခြေရှိ သဲ၊ နုန်းများနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ညနေပိုင်းမှစ၍ လူနှင့်ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Recent News