အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၈
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပညာရေးကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ်၊ မုန်းမြို့၊ အမှတ်(၆)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News