ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်၊

နေပြည်တော်၊ သြဂုတ် - ၁၀
    
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ် ကျေးရွာနှင့်အုတ်တွင်းမြို့နယ်၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတား သည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူတပ်နယ်နှင့်အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သားများက တံတားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတားပြုပြင်ခြင်း၊ မျောတိုင်စိုက်ထူပေး ခြင်း၊ ငြမ်းဆင်ခြင်း၊ တင်ကျန်ခဲ့သောအမှိုက်များနှင့် နုန်းများဖယ်ရှားရှင်းလင်းပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသည်။ 
    
အလားတူ ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ကွန်ကရစ် တံတားသည် သြဂုတ် ၅ ရက်တွင် ရေတိုက်စားပျက်စီးမှုကြောင့် ပျက်စီးခဲ့ပြီး နယ်မြေခံ တပ်မတော်များက ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများ တံတားပြုပြင်ခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါတံတားပြုပြင်ခြင်းများလုပ်ငန်းများ ပြီးစီး၍ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။  
    
ထို့ပြင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ပန်းတောင်မြို့နယ်၊ မြသိန်း တန်းဘုရားနှင့်တောင်လက်ကြီးဘုရား ရေဘေးရှောင်စခန်းတို့၌ ရွှေပြောင်းနေထိုင်လျက်ရှိသည့် ခတ္တိယရပ်ကွက်နှင့် တောင်(၂)ရက်တို့မှ ရေဘေးရှောင်ပြည်သူများအား ယနေ့တွင် ပန်းတောင်း တပ်နယ်မှ တပ်မတော်သားများက ၎င်းင်းတို့၏နေအိမ်များသို့ ပြန်လည်ကူညီရွှေ့ပြောင်းပေးခြင်း၊ မြစ်ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သော အမှိုက်များနှင့်နုန်းများဖယ်ရှားရှင်းလင်းပေးခြင်းနှင့် နေအိမ်ပြုပြင်ခြင်းများကို  ကူညီဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News