အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကာကွယ်ဆေးတိုက်ကျွေး

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကာကွယ်ဆေးတိုက်ကျွေး

နေပြည်တော်၊ သြဂုတ် - ၁၀
    
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ကလေးငယ် များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ပြုလုပ်သည်။
    
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် ၆ လမှ ၁၁ လအထိ ကလေးငယ် ၁၁ ဦး ကို ဘီတာမင်အေတစ်သိန်းအားအပြာရောင်ဆေးကိုလည်းကောင်း၊ အသက် ၁ နှစ်မှ ၂ နှစ် အထိ ကလေးငယ် ၆၁ ဦးကို ဘီတာမင်အေနှစ်သိန်းအား အနီရောင်ဆေးကိုလည်းကောင်း ကျန်းမာရေးဝန်ထမ်းများက အသီးသီးတိုက်ကျွေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

Recent News