မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ လုပ်အားဒါနပြုလုပ် 

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ လုပ်အားဒါနပြုလုပ် 

နေပြည်တော်၊ သြဂုတ် - ၁၀
    
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်မှ တပ်မတော်သားများက ရေနုတ်မြောင်းများပြန်လည်တူးဖော်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ထွက်ရှိလာသည့်အမှိုက်များအား တပ်မြို့ စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)မှ အမှိုက်သယ်ယာဉ်များဖြင့် လွတ်ကင်းရာသို့ပို့ဆောင် ပေးခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများကို လုပ်အားဒါနအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Recent News