စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအနီး၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

 

စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအနီး၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

နေပြည်တော် ၊  သြဂုတ် - ၁၂
    
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင် ကျေးရွာနေ ဦးစိုးနိုင်(ဘ)ဦးညိုမောင်သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ ထုံးကျောက်တူးဖော်ရန်အတွက် မြေတူးဖော်နေစဉ်  ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရှည် ၂ ပေ၊ လုံးပတ် ၅ ပေခွဲခန့်ရှိ ဗုံးသီးဟောင်း တစ်လုံးကို တွေ့ရှိသိမ်းဆည်းခဲ့သည်။
    
အဆိုပါ ဗုံးသီးဟောင်းကို နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News