ဆရာ၊ဆရာမများနှင့်သံဃာတော်များအတွက် Covid-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများလှူဒါန်း

 

ဆရာ၊ဆရာမများနှင့်သံဃာတော်များအတွက် Covid-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများလှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၄
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask  ၁၀၀၀ ခု၊ Faceshield  ၅၀ ခုနှင့် Hand Gel ၁၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာ မကြီးက လက်ခံရယူသည်။
    
ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူစာသင်တိုက်ရှိ သံဃာတော်များအား သွားရောက်ဖူးမြော်၍ သံဃာတော်များအတွက် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၁၀၀ ခု၊ Hand Gel  ၁၀ ဘူး၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ နန်းသဲကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

Recent News