အမ်းမြို့နယ်အတွင်း ဘင်္ဂါလီ ၁၁ ဦးဖမ်းဆီးရမိ

 

အမ်းမြို့နယ်အတွင်း ဘင်္ဂါလီ ၁၁ ဦးဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၃၁
    
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်းကျေးရွာအနီး အမ်း-မအီသွား ကားလမ်း၌ မသင်္ကာဖွယ်ဘင်္ဂါလီများတွေ့ရှိကြောင်း သတင်းအရ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ စစ်တွေမြို့နယ်၊ ဒုံးပြင်ကျေးရွာနေ အဏ္ဏဝါဆာဒေ့ (ဘ)အဒူမာလိတ် နှင့် မာမောက်အာယော့ဒ်(ဘ)တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
    
အလားတူ သြဂုတ် ၃၀ ရက် ညနေ ၃ နာရီခန့်တွင် အမ်းမြို့နယ်၊ စခန်းမော် ကျေးရွာအုပ်စု၊ အိုးပုံကျေးရွာအနီး၌ ရာဟာမောက်ဒူလာ(ဘ)နူရာမောက် အပါအဝင် ဘင်္ဂါလီလူမိုျး ၅ ဦးကိုလည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ထန်းချောင်းကျေးရွာ အနီး၌ မိုဟာမွတ်ရှော်ဖီ(ဘ) အဒူခါလိတ် အပါအဝင် ၄ ဦးကိုလည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား သက်ဆိုင်ရာသို့ စနစ်တကျလွဲှပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News