တာချီလိတ်မြို့၊ ဆိုင်ဆိုင်း(က)ရပ်ကွက်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

 

တာချီလိတ်မြို့၊ ဆိုင်ဆိုင်း(က)ရပ်ကွက်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၈
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၃ နာရီခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ ရီဂျီးနားဟိုတယ်အနီး၌ ရပ်တန့်နေသည့် TOYOTA HILUX REVO အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် အား စစ်ဆေးရာ ယာဉ်ရှေ့ခန်းအတွင်းမှ ညီထိုင်း (ဘ) ဦးအိုက်ရီလွတ် ကို  ပွိုင့်-၄၅ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်၊ ကျည်အိမ် ၁ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News