မြိတ်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

မြိတ်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်မှ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဧည့်ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ရောဂါ ကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများဖြစ်သည့် Surgical Mask  ၁၄၀၀၀ ခု၊ Personal Protective Equipment (PPE)   ဝတ်စုံ ၆၁ စုံ၊ Hand Gel  ၄၅ ဘူးနှင့် Hand Sanitizer  ၄၅ ခုတို့ကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News