မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်း

မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၅
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးများ၌ သီတင်းသုံး လျက်ရှိသည့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမဖြစ်ပေါ်စေရန်အတွက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မိသားစုများက လောင်းလှူသည့် ဆွမ်းနှင့်ဆွမ်းဟင်းများကို ယနေ့နံနက်ပိုင်းတွင် တပ်နယ်မှူး ဗိုလ်မှူးကြီး မိုးဟိန်းနှင့်အဖွဲ့ဝင်များက ရေလည်ကျောင်း တိုက်နှင့် ရွှေဘုံသာကျောင်းတိုက်များအပါအဝင် မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၈ ကျောင်းသို့ အဖွဲ့များခွဲ၍ တပ်မတော်မှမော်တော်ယာဉ်များဖြင့် သယ်ဆောင်ကာ သံဃာတော် ၁၀၈၃ ပါးတို့ကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
    
အဆိုပါအရုဏ်ဆွမ်းလောင်းလှူခြင်းကို မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း များရှိ သံဃာတော်များအား မိတ္ထီလာတပ်နယ်မိသားစုများက ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ်ဆက်ကပ်လောင်းလှူခဲ့ရာ ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့် ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်ဆက်ကပ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News