မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးကောင်းချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ပျက်စီးခဲ့သည့် ရှဒူဇွပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးကောင်းချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ပျက်စီးခဲ့သည့် ရှဒူဇွပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၅
    
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးကောင်း ချောင်းရေ မြင့်တက်လာမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရှဒူဇွပ်ကျေးရွာအတွင်းသို့ ရေဝင် ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရှဒူဇွတ်ကျေးရွာရှိ နေအိမ်များမှ ရေဘေးရှောင်ပြည်သူ ၆၅၃ ဦးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာ ကျေးရွာရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာဈေးသို့ စက်လှေများဖြင့် ကူညီရွှေ့ပြောင်းပေးပြီး ထမင်းဘူးနှင့်ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
    

Recent News