သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စုလမ်းမကြီးပေါ်၌ လက်နက်၊ခဲယမ်းများ သယ်ဆောင် လာသူတစ်ဦးဖမ်းဆီးရမိ

 

သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စုလမ်းမကြီးပေါ်၌ လက်နက်၊ခဲယမ်းများ သယ်ဆောင် လာသူတစ်ဦးဖမ်းဆီးရမိ

နေပြည်တော် ၊  အောက်တိုဘာ - ၁၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာ သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စုလမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရယာဉ်ဖြတ်သန်းသွားလာမှုများအားစစ်ဆေးစဉ် အောက်တို ဘာ ၁၄ ရက်ည ၇ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ဘက်မှ သိန်းနီမြို့ဘက်သို့ မောင်းနှင်လာ သော CROWN အမျိုးအစားမော်တော်ယာဉ်အမှတ် ၊MDY/3I --------- အား ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ လီစီချီ(ဘ)ဦးရင်အိုက်ကို ယာဉ်ပေါ်မှ Type-81 သေနတ် ၂ လက်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၉ မမပစ္စတိုသေနတ် ၃ လက်၊ ဘရောင်နင်သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၂၄၉၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မော်တော်ယာဉ်၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား သိန်းနီမြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News