COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅
    
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19  ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်လှူဒါန်းသည်။
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကုသရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရာ၌ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News