COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅
    
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များတပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့အဝင်အထွက်မုခ်ဦး၌ ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအတွက် Mask ၁၅၀၀ ခုကို တစ်ဦးချင်း၏လက်ဝယ်အရောက်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ နှင့်နယ်မြေခံတပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်းကြသည်။
    
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အရည်အသွေးကောင်းမွန်သည့် Mask  များကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News