ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့နှင့် ပခုက္ကူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းမျ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့နှင့် ပခုက္ကူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၈
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်တိုင်းမှူးများလိုက်ပါလျက်ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းတွင် ပြင်ဦးလွင်မြို့နှင့် ပခုက္ကူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန် တော်၊ဆီ၊ဆား၊ပဲ၊ ပဒုမ္မာဆပ်ပြာမွှေးနှင့် လှူဖွယ် ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
    
ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဓမ္မသဟာရ သာသနစင်တာ သို့သွားရောက်၍ ဓမ္မသဟာရ သာသနစင်တာ၏ ပဓာနမဟာနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ကြီး ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များအား  ဖူးမြော်ကန်တော့၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်း ဆန်တော်၊ဆီ၊ ဆား၊ပဲ၊မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှထုတ်လုပ်သည့် Mask များ နှင့်မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ပဒုမ္မာဆပ်ပြာ စက်ရုံမှ ထုတ်လုပ်သည့် ပဒုမ္မာဆပ်ပြာမွှေးနှင့်လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်းလျောက်ထား သည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ပခုက္ကူမြို့ရှိ မဟာ ဗောဓိမဏ္ဍိုင်စာသင်တိုက်နှင့် ဝိပုလ’ရာမပါဠိ တက္ကသိုလ်ကျောင်းတိုက်များသို့ သွားရောက် ၍မဟာဗောဓိမဏ္ဍိုင်စာသင်တိုက်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ သာသနဓဇ ဓမ္မစရိယ ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူ ဘဒ္ဒန္တ ဝီရိယနှင့်  ဝိပုလ္ ရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဂန္တဝါစကဓမ္မစရိယ ဘဒ္ဒန္တ ဇာနေယျ  အမှူး ပြုသော ဆရာတော်သံဃာတော်များအား ဖူးမြော်ကန်တော့၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ပဲ၊မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် Mask  များနှင့်မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၏ပဒုမ္မာဆပ်ပြာစက်ရုံမှ ထုတ်လုပ်သည့်ပဒုမ္မာဆပ်ပြာ မွှေးနှင့်လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများ၏ ကျန်းမာရေးအခြေအနေများ ကိုမေးမြန်းလျောက်ထားသည်။
    
ယနေ့လှူဒါန်းမှုအနေဖြင့် ဓမ္မသဟာရ သာသနစင်တာ ပါချုပ်ဆရာတော် ကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၅၀ ၊ ဆီ ၈၈ ပိဿာ၊ ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ ပိဿာ၊ Mask  ၃၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၉၀ ခဲ၊ ဝိပုလ္လရာမပါဠိတက္ကသိုလ်ကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၄၀၊ ဆီပိဿာ  ၇၀ ၊ ဆား ၆၂ ပိဿာ၊ ပဲ ၁၀၆ ပိဿာ၊Mask ၄၀၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၁၂၀ ခဲ၊ မဟာဗောဓိမဏ္ဍိုင်စာသင်တိုက်သို့ ဆွမ်းဆန် တော်အိတ် ၃၀၊ ဆီ ၅၃ ပိဿာ၊ ဆား ၄၆ ပိဿာ၊ ပဲ ၇၉ ပိဿာ၊ Mask ၃၀၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၈၀ ခဲအပါအဝင်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။

Recent News