ပြင်ဦးလွင်မြို့နှင့်ပခုက္ကူမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက်  COVID-19 ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း၊ တပ်မတော်ဆေးရုံများအား ကြည့်ရှု စစ်ဆေး 

ပြင်ဦးလွင်မြို့နှင့်ပခုက္ကူမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက်  COVID-19 ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း၊ တပ်မတော်ဆေးရုံများအား ကြည့်ရှု စစ်ဆေး 

နေပြည်တော်၊ အောက်တိုဘာ- ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင်  ပြင်ဦးလွင်မြို့နှင့် ပခုက္ကူမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်း ပေးအပ်လှူဒါန်းသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ရောက်ရှိကြရာ ပြင်ဦးလွင်ခရိုင်ပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဝင်းပပဝင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဆေးရုံခန်းမ၌ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဆေးရုံဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးဝတ်စုံ Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀ စုံ၊ Face Shield ၁၂၀ခု၊ Googgles မျက်မှန် ၁၀ လက်၊ လက်အိတ် ၂၀၀၀ ခု၊တပ်မတော်fစက်ရုံများကထုတ်လုပ်သော Mask ၄၄၀၀ ခု၊ ပဒုမ္မာဆပ်ပြာ ၂၀၀ ခဲနှင့် တပ်မတော်စက်ရုံ များမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာ ပစ္စည်းတို့ကိုပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းပပဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဆေးရုံမှဝန်ထမ်းများနှင့် လူနာများအတွက် အာဟာရဖြည့်စား သောက်ဖွယ်ရာ များ ချက်ပြုတ်ကျွေးမွေးနိုင်ရန် တစ်ဦးလျင် ၁၅၀၀ ကျပ်နှုန်းဖြင့်  ၂၀၀ ဦးအတွက် ငွေကျပ် ၃ သိန်းကိုပေးအပ်လှူဒါန်းရာ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းကလက်ခံရယူ ပြီး အဆိုပါငွေဖြင့် မအားလပ်သည့်ဆေးရုံဝန်ထမ်းများနှင့်လူနာများစားသုံးရန် ထမင်း၊ ဟင်းများကို တပ်နယ်မိသားစုများက ချက်ပြုတ်၍လက်ဝယ်အရောက်ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်းသိရှိရသည်။ဆက်လက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းပပဝင်းက ယခုကဲ့သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာအထောက်အကူပြုပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းသည့် အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံဝန်ထမ်းများအတွက် Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀ စုံ၊ Face Shield ၂၀၀ ခု၊ Googgles မျက်မှန် ၁၀ လက်၊ လက်အိတ် ၂၀၀၀ စုံ၊တပ်မတော်စက်ရုံများကထုတ်လုပ်သော Mask ၄၀၀၀ခု၊ ပဒုမ္မာဆပ်ပြာ ၂၀၀ ခဲနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာ ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်နိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဆေးရုံမှ ဝန်းထမ်းများနှင့် လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ချက်ပြုတ် ကျွေးမွေးနိုင်ရန် တစ်ဦးလျင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၂၀၀ ဦးအတွက် ငွေကျပ် ၃ သိန်းကိုပေးအပ်လှူဒါန်းရာ ပခုက္ကူတပ်နယ်မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။

ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေ အနေများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News