မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများအတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

 

မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများအတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ- ၁၉
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ လျက် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်  မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာအထောက်အကူပြုပစ္စည်းနှင့်အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။
    
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သက်ဆိုင်ဆေးရုံခန်းမများ၌ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ COVID-19 ရောဂါကာလအတွင်းကျန်းမာရေး ဝန်ထမ်းများအနေဖြင့်နေ့မအားညမနားလူနာများကို ကုသရခြင်း၊မိမိကိုယ်ကိုလည်း COVID-19 ရောဂါပိုးကူးစက်မခံရအောင်ကာကွယ်ရခြင်းစသဖြင့် တာဝန်များကိုပင်ပင် ပန်းပန်းထမ်းဆောင်နေရမှုအပေါ် ကိုယ်ချင်းစာနာစိတ်ဖြင့် ရောဂါကာကွယ်ရေးပစ္စည်းများ နှင့်အဟာရဖြည့်စွက်အစားအစာများကို တစ်ထောင့်တစ်နေရာမှအထောက်အပံ့ရစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
    
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ပေးအပ်ရာ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေး ကလည်းကောင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ညွန့်စိန် ကလည်းကောင်း အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာကျေးဇူးတင် စကားများပြန်လည်ပြောကြားကြသည်။ ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မအားလပ်သည့်ဆေးရုံမှဝန်ထမ်းများနှင့် လူနာများ အတွက်အာဟာရဖြည့်စားသောက်ဖွယ်ရာများချက်ပြုတ် ကျွေးမွေးနိုင်ရန် အတွက်လှူဒါန်း ငွေများပေးအပ်ရာ တပ်နယ်မှူးများကလက်ခံရယူကြပြီး တပ်နယ်များမှ မိသားစုဝင်များဖြင့် ချက်ပြုတ်ကာ ဆေးရုံဝန်ထမ်းများနှင့်လူနာများလက်ဝယ်အရောက်  ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်းသိရှိရသည်။
    
ယနေ့လှူဒါန်းမှုအနေဖြင့် မကွေးမြို့နှင့်မိတ္ထီလာပြည်သူ့ဆေးရုံများသို့ဆေးရုံ တစ်ရုံလျင်  Personal Protective Equipment (PPE)   ဝတ်စုံ ၁၀၀ စုံ၊ Face Shield ၂၁၀ ခု၊ Goggles မျက်မှန် ၁၀ လက်၊ လက်အိတ် ၂၀၀၀ စုံ၊ တပ်မတော် စက်ရုံများ ကထုတ်လုပ်သော Mask ၄၂၀၀ခု၊ ပဒုမ္မာ ဆပ်ပြာမွှေး ၂၀၀ ခဲနှင့် ကြက်ဥ ၂၁၀၀လုံး၊နွားနို့ ၅၃ ပိဿာ လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
   

Recent News