ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၁၉
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် မကွေးတပ်နယ်နှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊မိသားစုများအား သက်ဆိုင်ရာတပ်နယ်ခန်းမအသီးသီး၌ သီးခြားစီ သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားသည်။
    
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် မကွေး တပ်နယ်နှင့်မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင်  Covid-19  ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ တစ်ဦး ချင်းကိုယ်စီအသိစိတ်ဖြင့်ကာကွယ်ရေး၊ရောဂါကာကွယ်ရာတွင် အထောက်ကူပြု စေရန် အတွက် အဟာရပြည့်ဝစွာစားသောက်နေထိုင်ရေးနှင့် တပ်မတော်မှရိက္ခာနှင့် အမယ်စုံများ ၃ လစာအမြဲတမ်းဖြည့်ဆည်းဆောင်ရွက်ထားသည့် အခြေအနေများ ၊တပ်တွင်းစည်းလုံး ညီညွတ်ရေး ကိုပျက်ပြားစေမည့်အပြုမူများကိုရှောင်ရှား၍ ညီအစ်ကိုမောင်နှမသဖွယ် အချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရေးကိစ္စရပ်များ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မိမိတို့တစ်ဦးချင်းစီ၏ ဆန္ဒမဲများကို ခိုင်မာ မဲဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှအသိပေးကြေညာချက်များကို သိရှိနားလည် အောင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည့်သူကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင်လည်း နိုင်ငံနှင့်ဒေသအကျိုးဆောင်ရွက်ပေးနိုင်မည့်ပုဂ္ဂိုလ်များ၊ ဥပဒေပြုနိုင်ရေးလုံလောက်သည့် ပညာအရည်ချင်းနှင့် ဥပဒေပိုင်းဆိုင်ရာ နားလည်သိရှိမည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေး (၃)ပါးကိုလက်ခံလိုက်နာ စောင့်ရှောက်ထိန်းသိမ်းနိုင်မည့် ပုဂ္ဂိုလ်များ၊ တပ်မတော်၏ အမျိုးသား နိုင်ငံ့အရေး ဦးဆောင်မှုအခန်းကဏ္ဍကိုနားလည် လက်ခံဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ၊အမျိုး ဘာသာသာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ် များအပြင် ရည်ရွယ်ချက်ရှိရှိ ဖြင့်နောက်ကွယ်မှပံ့ပိုး ထောက်ပံ့မှုကင်းရှင်းသည့်ပုဂ္ဂိုလ်များကို စနစ်တကျ လေ့လာသုံးသပ်၍ လွတ်လပ်စွာဆန္ဒမဲပေး နိုင်ရေးကိစ္စရပ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်၊ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး မူဝါဒများ ကိုသိရှိအောင်လုပ်ဆောင်၍ အောင်မြင်အောင် အကောင်ထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များ၊စွမ်းရည်(၃)ရပ် ပိုင်းဆိုင်ရာတွင် ကောင်းမွန်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း ဆောင်ရွက်ရေးကိစ္စရပ်များကို အသေးစိတ်ရှင်းလင်း မှာကြား သည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များက မကွေးတပ်နယ်နှင့် မိတ္ထီလာ တပ်နယ်တို့မှ  အရာရှိ၊ စစ်သည်၊မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ သုတ၊ရသ၊ စာအုပ်၊စာစောင်များ နှင့်အားကစားပစ္စည်းများကိုပေးအပ်ရာ တပ်နယ်အလိုက် တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။
    
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်စစ်သည်များ၏ ကျန်းမာရေး အခြေအနေ များအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြကြောင်းသတင်းရရှိသည်။
        
    

 

Recent News