ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံ တက်ရောက်လျက်ရှိသော စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေး စကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၂၀
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ လျက် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ဆေးရုံ တက်ရောက်လျက်ရှိသော စစ်သည်များကို ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေးစကား ပြောကြားသည်။
    
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသလျက်ရှိ သော စစ်သည်များကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှု နှင့်ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုကြပြီး လိုအပ်သည်များညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

Recent News