COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၄
    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask  များကို ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၁၀၀၀ ခုကို မိုးနဲမြို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask  ၅၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့နှင့် ကော့သောင်းမြို့တို့၌  လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့်နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့ အရောက်အခမဲ့ပေးဝေလှူဒါန်းကြသည်။

    
COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက်  Mask   များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News