COVID-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

COVID-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၄
    
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာရှိ ဒေသခံတောင်သူများ၏စိုက်ခင်းများမှ ထွက်ရှိသည့် ခရမ်းချဉ်သီး ၁၈၀၀ ပိဿာကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဒေသခံတောင်သူများ၏ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် သွားရောက်ဝယ်ယူပေးခဲ့သည်။ တပ်မတော်အနေဖြင့် ဒေသခံတောင်သူများ၏ အခက်အခဲများ အပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News