COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask  များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၀
    
ပြည်သူများ COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် Mask များအသုံးပြုနိုင်ရန် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၁၀၀၀ ခုကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အများပြည်သူ ဖြတ်သန်း သွားလာလျက်ရှိသောနေရာများ၌ နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူတစ်ဦးချင်း ၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News