COVID-19  ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

COVID-19  ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ နိုဝင်ဘာ - ၂၀
    
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် ပင်လောင်းမြို့နယ်နှင့် ရွာငံမြို့နယ်ဒေသထွက် ရာသီသီးနှံများဖြစ်သည့် ဂေါ်ဖီထုပ် ၆၂၀၀ ထုပ်နှင့် ဂေါ်ရခါးသီးအလုံး ၁၄၀၀၀ တို့ကို တောင်သူများထံမှ တောင်သူများရောင်းချ ပေးနိုင်သည့် ဈေးဖြင့် မှာယူဝယ်ယူခဲ့ပြီး ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားရေးအဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်း များဖြင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News