မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကိုယ်ထူကိုယ်ထဈေး၌ မီးလောင်မှုဖြစ်ပွား

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကိုယ်ထူကိုယ်ထဈေး၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ နိုဝင်ဘာ - ၂၁
    
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကိုယ်ထူကိုယ်ထဈေး၌ ယနေ့ နံနက် ၂ နာရီခန့်တွင် ဈေးအတွင်း သွယ်တန်းထားသော လျှပ်စစ်ပလပ်ခုံ ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။
    
မီးလောင်မှုဖြစ်ပွားရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၂၅ စီးဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် ကိုယ်ထူကိုယ်ထဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၁၈၅ ခန်း မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သတင်းရရှိသည်။

Recent News