လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ စုပေါင်းဘုံကထိန်ပြုလုပ်

လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ စုပေါင်းဘုံကထိန်ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၂
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ မဟာသုခကာရီအဖွဲ့၏ စုပေါင်းဘုံကထိန်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်သည်။
    
ထိုသို့ပြုလုပ်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့်အဖွဲ့ဝင်များက သွားရောက်၍ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သုဇာတ ထံ ကထိန်လျာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

Recent News