(၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို Virtual Coferencingဖြင့်ပြုလုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်

(၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို Virtual Coferencingဖြင့်ပြုလုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

(၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး ( 21st ASEAN Chiefs of Army Multilateral Meeting- ACAMMXXI )  ကို ယနေ့နံနက်ပိုင်းတွင် Virtual Coferencing ဖြင့်ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Brigadier General Haji Muhammad Haszaimi bin Bol Hassan  က အဖွင့်အမှာစကားပြောကြားသည်။

 ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများက “ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စံနှုန်းသစ် များနှင့်အညီ ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုများ၏အရွေ့ကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ ကြည်းတပ်များ၏ ပေါင်းစည်းမှုနှင့်လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မှု” (Cohesion and Responsive of ASEAN Armies to Address the Dynamic of Regional Security Challenges Following New Norms from COVID-19 Pandemic) ခေါင်းစဉ်နှင့်ပတ်သက်၍ နိုင်ငံအက္ခရာ စဉ်အလိုက် ဆွေးနွေးကြသည်။ ၎င်းနောက် ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားပြီး (၂၂)ကြိမ်မြောက်အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (ACAMM XXII)၊ (၃၀)ကြိမ် မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ( 30th ASEAN  Armies Rifle Meet- AARM XXX )၊(၁၀)ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များအစည်းအဝေး ( 10th ASEAN  Sergeant Major Army Meets -ASMAM  X )နှင့် (၃)ကြိမ်မြောက် အာဆီယံ သတင်းအချက်အလက်မျှဝေရေးအလုပ်ရုံဆွေးနွေးပွဲ (3rd ASEAN  Army Information Sharing Workshop-AAISW III ) တို့ကို အိမ်ရှင်အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် မြန်မာ့တပ်မတော်သို့ ဥက္ကဌတာဝန်လွှဲပြောင်းပေးအပ်ရာ AARM အလံ၊ ACAMM  stand နှင့် ASMAM ကျိုင်းတို့ကို ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးထင်လင်း က မြန်မာ့တပ်မတော်ကိုယ်စား လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံအကြောင်း မိတ်ဆက်ဗီဒီယိုကို ပြသပြီး မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် (၂၁)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Recent News