မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး

မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၈
    
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စား လှယ်နှင့် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ H.E.Mr. Yohei SASAKAWA  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ယနေ့တွင်သွားရောက်တွေ့ဆုံသည်။
    
ဦးစွာ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yohei SASAKAWA ၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် တပ်မတော်ရဟတ်ယာဉ်များဖြင့် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး ကျောက်တော် မြို့တွင်းဈေး၊ ပိန္နဲချောင်းကျေးရွာတို့ရှိ ဒေသခံပြည်သူများရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ ထို့နောက် ဘူးသီးတောင်မြို့နယ်၊ သင်္ဘော ဆိပ်ကမ်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံး၊ မြို့မဈေး၊ ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တို့၌ ဒေသခံပြည်သူများအား အသီးသီး ဆက်လက်တွေ့ဆုံခဲ့သည်။
    
အဆိုပါ တွေ့ဆုံပွဲများတွင်  မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ က ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိကာလတွင် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ဒေသခံများ၏ ဆန္ဒသဘောထားများကို ရင်းရင်းနှီးနှီးမေးမြန်းခဲ့ရာ ဒေသခံပြည်သူများက လက်နက်ကိုင်ပဋိပက္ခများ လျော့နည်း စေလိုကြောင်းနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် ရွေးကောက်ပွဲကို မိမိတို့ နယ်မြေတွင် ကျင်းပပြုလုပ်စေလိုကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့သည်။
    
ထို့နောက် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး စစ်တွေဟိုတယ်တွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ၊ ရခိုင် အမျိုးသားပါတီ  ANP   မှ ဥက္ကဌ ဦးသာထွန်းလှနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မည့် အခြေအနေ များနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာများနှင့် လိုအပ်သည့်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် လှူဒါန်းမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
    
ယင်းနောက် အဆိုပါဟိုတယ်၌ သတင်းမီဒီယာ ၁၅ ဦးခန့်နှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News