စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

၁။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၃၀-၁၁-၂၀၂၀ ရက်နေ့အထိ ရက်တိုးမြှင့်၍ နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများအရ ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်းမရှိသေးသဖြင့် ဗိုလ်လောင်းလျှောက်လွှာထုတ်ပေး/ တင်သွင်းခြင်းကိုလည်း ၁၅-၁၂-၂၀၂၀ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည် ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း  အသိပေးအပ်ပါသည်။
၂။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့အား သင့်လျော်သည့်နေ့ရက်တွင် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ ရတနာပုံသတင်းစာများ၊ မြဝတီရုပ်မြင်သံကြား၊ Myawady Webportal နှင့် Myanmar National Portal တို့တွင် ကြိုတင်ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
 

Recent News